တောင်သာ၊ စက်တင်ဘာ ၇
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပညာရေးမြှင့်တင်မှုကော်မတီ အောင်ရီဖြိုးဖောင်ဒေးရှင်းတို့မှ တက္ကသိုလ်ဝင်တန်းဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများအား ပညာရည်ချွန်ဆုချီးမြှင့်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီခွဲအချိန့်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် အောင်ရီဖြိုးဖောင်ဒေးရှင်းမိသားစုဝင် နာယက ဦးသန့်ဆွေက ပညာရည်ချွန်ဆုပေးအပ်ခြင်းနှင့် ကျောင်းအလိုက်ထောက်ပံ့ခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမြှင့်တင်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဇော်မြင့်က အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ အောင်ရီဖြိုးဖောင်ဒေးရှင်းမိသားစုဝင် နာယက ဦးသန့်ဆွေက ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်မည့်ဂုဏ်ပြုဆုငွေ ကျပ်သိန်း (၄၁၃၀၀၀၀)ကို တောင်သာမြို့နယ် ပညာရေးမြှင့်တင်မှုကော်မတီဥက္ကဋ္ဌထံလွှဲ ပြောင်းပေးခဲ့ပြီး ကျောင်းသုံးဗလာစာအုပ်(၅)ဒါဇင်နှင့် Mask(၃၀၀) ကို ဒုတိယမြို့နယ်ပညာရေးမှူးထံ လွှဲ ပြောင်းပေးအပ်ခဲ့သည်။
ထို့နောက် အောင်ရီဖြိုးဖောင်ဒေးရှင်းမိသားစုဝင် နာယကဦးသန့်ဆွေက (၅) ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သူအား ဂုဏ်ပြုဆုချီးမြှင့်ပေးပြီး မြို့နယ်ပညာရေးမြှင့်တင်မှုကော်မတီဥက္ကဋ္ဌ ဦးဟန်ဇော်မြင့်က (၄) ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သူအား ဂုဏ်ပြုဆုချီးမြှင့်ပေးအပ်သည်။ (၃) ဘာသာဂုဏ်ထူးရှင်၊ (၂) ဘာသာဂုဏ်ထူးရှင်၊ (၁) ဘာသာဂုဏ်ထူးရှင်များဖြစ်ကြသည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)