ကရသူရိ ဇွန် ၁၇
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကရသူရိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ မူးယစ်ဆေးဝါးအန္တရာယ်တားဆီး ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲဆောင်ရွက်ခြင်းကို ယမန်နေ့မွန်းလွဲ(၃)နာရီက ပြုလုပ် ခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောရာတွင် မြို့ဦးစီးမှူဒေါ်အေးအေးသန်းက မူးယစ်ဆေးဝါးများအကြောင်း၊ မူးယစ်ဆေးဝါးဆိုသည်မှာအဘယ်နည်း၊ ဘိန်းအုပ်စုဝင်များ၊ စိတ်ကြွဆေးများနှင့် ၎င်းတို့ကိုသုံးစွဲမိပါက စိတ်ပိုင်းဆိုင်ရာချို့ယွင်းချက်များအကြောင်း၊ ဆေးလိပ်၊ ကွမ်းယာရှောင်ကျဉ်ရေးနှင့် အနာဂတ်မျိုးဆက်သစ်လူငယ်များပေါ်ပေါက်ရေး မူးယစ်ဆေးဝါးများရှောင်ကျဉ်ရေးတို့ကို အသိပေးဟောပြောသည်။ ထို့နောက် မူးယစ်ဆေးဝါးနှင့်ပတ်သတ်သည့် စာအုပ်/စာစောင်များ၊ ရှောင်ရန်နှင့် မူးယစ်ဆေးဝါးဖြတ်တောက်နည်းလမ်း စာစောင်များကို ပညာပေးခင်းကျင်းပြသရာ ကျောင်းသား/သူများက စိတ်ဝင်တစ်စားလေ့လာ ကြည့်ရှုခဲ့ကြောင်း အဆိုပါဟောပြောပွဲနှင့်ပြပွဲသို့ ကရသူရိမြို့ အခြေခံပညာအထက်တန်းကျောင်းမှ မူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား/သူများတက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)