သန်လျင် စက်တင်ဘာ ၇
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်အတွင်း ပြေးဆွဲလျက်ရှိသော ဆိုင်ကယ်ကယ်ရီဂိတ်များ အား မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီက ရောဂါပျံ့နှံမှု မရှိစေရေး၊ ကယ်ရီစီးခရီးသွားများ လုံခြုံစိတ်ချစွာ သွားလာနိုင်ရေးတို့အတွက် ကျန်းမာရေး အထောက်အကူပြုပစ္စည်းများကို ယနေ့ နံနက်တွင် ပေးအပ်ခဲ့သည်။
ဆိုင်ကယ်ကယ်ရီ မောင်းနှင် သူနှင့် ခရီးသွားများ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အတွက် လက်သန့်ဆေး၊ နှာခေါင်းစည်း(Mask)များ၊ PPE ဝတ်စုံများကို ပေးအပ်ခဲ့သည်။ သန်လျင် မြို့နယ်တွင် ခရီးသွားအများစုမှာ ဆိုင်ကယ်ကယ်ရီကိုသာ အားထားစီးနင်းနေရသူများ ဖြစ်ရာ မောင်းနှင်သူများက ရောဂါပြန့်ပွားမှုမရှိစေရေး ပူးပေါင်းဆောင်ရွက် ခြင်းဖြစ်ကြောင်း မြို့မလမ်းထိပ်ကယ်ရီ ဆွဲသူတစ်ဦးက ပြောသည်။
သန်လျင်မြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာများရှိသောကြောင့် ရောဂါပြန့်ပွားမှုမရှိစေရေး၊ ကြိုတင်ကာကွယ်ရေးနှင့် အသိပညာပေးလုပ်ငန်းများကို ပြည်သူများ ပူးပေါင်းဆောင်ရွက်ခြင်း ဖြင့် မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ရေး အရေးပေါ်တုံ့ပြန်ရေးကော်မတီက အရှိန်မြှင့် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
သန်းဝင်း(သန်လျင်)