လင်းခေး စက်တင်ဘာ ၇
နိုင်ငံတစ်ဝန်း၌ ဖြစ်ပေါ်လျက်ရှိသော ကိုဗစ်-၁၉ ရောဂါအား အများပြည်သူတို့ကူးစက်ခံစားရခြင်း မဖြစ်ပေါ်စေရေးအတွက် ရည်ရွယ်ကာ ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များနှင့် လင်းခေးမြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတို့ ပူးပေါင်း၍ ယနေ့နံနက် ၆ နာရီခွဲက လင်းခေးမြို့စည်ပင်သာယာရေး ယာယီပျံကျစျေးနှင့်မြို့တွင်း လူစည်ကားရာနေရာတို့တွင် သွားလာလျက်ရှိကြသူများနှင့် စျေးသွားစျေးလာ အများပြည်သူတို့ထံ ကိုဗစ်၁၉ကာကွယ်ရေး(Mask) နှာခေါင်းစည်းများ (အခမဲ့)ဖြန့်ဝေပေးခြင်းနှင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင် များဖြန့်ဝေပေးခြင်း၊ အသံချဲ့စက် ဖြင့် နှိုးဆော်ဟောပြောပေးခြင်းတို့ကို ပူးပေါင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးနေဝင်းနှင့် ဝန်ထမ်း များ၊ မြို့နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ အမှုဆောင်အရာရှိနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှူး ဦးစိုင်းသိန်းဇော်ဦးတို့ ပါဝင်ခဲ့ကြပြီး အများပြည်သူတို့ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးအတွက်(Mask)နှာခေါင်းစည်း (၃ဝဝ)ခုကို အများပြည်သူတို့ လက်ဝယ်အရောက် ဖြန့်ဝေ ပေးခဲ့ကြကြောင်း သိရသည်။
စိုင်းဇော်လတ် (လင်းခေး)