မန္တလေး ဇွန် ၁၇
၂၀၂၂ခုနှစ် ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကိုယနေ့နံနက်(၁၀)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) သင်တန်းခန်းမတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲ (Talk Show)ကို မန္တလေးခရိုင်ပြန်ကြားရေးနင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းနှင့် အခြေခံ ပညာမူလွန်ကျောင်းအမှတ်(၂၀) ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းနွယ်တို့က ဦးဆောင်ဆွေးနွေးကြပြီး မူးယစ်ဆေးဝါးအကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း ၏ နောက်ဆက်တွဲအန္တရာယ်များ၊ ဆေးခြောက်သုံးစွဲခြင်း၏ ဆိုးကျိုးများ၊ မူးယစ်ဆေးသုံးစွဲရခြင်းအကြောင်းရင်းများ၊ မူးယစ်အန္တရာယ်လျော့ချရေးနည်းလမ်း များ၊ ကျောင်းသားလူငယ်များနှင့် လူထုအလွှာအသီးသီးသို့မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာပေးလုပ်ငန်းများကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ရန်နှင့် မူးယစ်ဆေးဝါးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိကို လူငယ်များကြိုတင်သိရှိပြီး ရှောင်ရှားနိုင်ရေးအတွက် စာပေ၊ ပန်းချီ၊ အားကစား၊အနုပညာအစရှိသည့် ပညာရပ်များတွင် ထူးချွန်ထက်မြက်ရေး ပြုစုပျိုးထောင်ရန် အစရှိသည်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)