၂၀၂၁-၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်း ထုတ်ပြန်

တံတားဦး ဇွန် ၁၇

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ၂၀၂၁-၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများကို ယနေ့နံနက် (၆)နာရီက တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်းနှင့် မြို့နယ်ပညာရေးမှူးတို့တွင် ထုတ်ပြန်ထားကြောင်း သိရသည်။

၂၀၂၁-၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လတွင်ကျင်းပခဲ့ရာ တံတားဦးမြို့၌ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား (၂၈၃)ဦး ၊ ကျောင်းသူ(၄၃၄)ဦး စုစုပေါင်း(၇၁၇)ဦးရှိပြီး အောင်မြင်သူကျောင်းသား(၁၀၅)ဦး၊ ကျောင်းသူ(၂၀၉)ဦး ၊ စုစုပေါင်း (၃၁၄)ဦးရှိပါကြောင်း ၊ အောင်ချက်ရာခိုင်နှုန်းအားဖြင့် (၄၃.၇၉)ရှိပါကြောင်း သိရသည် ။

တံတားဦးမြို့နယ် အနေဖြင့် ၂၀၂၁-၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုအောင်မြင်ခဲ့သူများတွင် ငါးဘာသာဂုဏ်ထူးရှင်(၁)ဦး ၊ လေးဘာသာဂုဏ်ထူးရှင်အောင်သူ(၃)ဦး ၊ သုံးဘာသာဂုဏ်ထူးရှင်(၉)ဦး ၊ နှစ်ဘာသာဂုဏ်ထူးရှင်(၁၂)ဦး၊တစ်ဘာသာဂုဏ်ထူးရှင်(၈၈)ဦး ၊  ဂုဏ်ထူးဖြင့် အောင်မြင်သူစုစုပေါင်း (၁၁၃)ဦးရှိခဲ့ပါကြောင်း၊ အောင်ချက်ရာခိုင်နှုန်းမှာလည်း  ယခင်နှစ်ထက် ပြောင်းလဲတိုးတက်လာပါကြောင်း မြို့နယ်ပညာရေးမှူး ဦးကျော်ကျော်မွန်ထံမှ သိရသည်။

ဦးရဲတင့်