မတ္တရာမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများထုတ်ပြန်

မတ္တရာ ဇွန်  ၁၇

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် ၂၀၂၂ ခုနှစ် မတ်လက ကျင်းပပြုလုပ်ခဲ့သော တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့နံနက် ၆ နာရီက မြို့နယ်ပညာရေးမှူးရုံးနှင့် စာစစ်ဌာနပြုလုပ်ခဲ့သည့်ကျောင်းများတွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

မတ္တရာမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို (၆၆၆) ဦးဝင်ရောက်ဖြေဆိုခဲ့ပြီး (၂၅၄) ဦး အောင်မြင်ကာ (၄) ဘာသာ (၁)ဦး၊ (၃) ဘာသာ (၅) ဦး၊ (၂) ဘာသာ (၂) ဦးနှင့် (၁) ဘာသာ (၄၀) ဦးတို့မှာ ထူးချွန်စွာအောင်မြင်ခဲ့ကြသည်။ ဘာသာရပ်အလိုက် ဂုဏ်ထူးရရှိသူများမှာ မြန်မာစာ(၆)ဦး၊ သင်္ချာ(၃) ဦး၊ ဓာတုဗေဒ(၅)ဦး၊ ရူပဗေဒ(၂)ဦး၊ ဇီဝဗေဒ (၂၉)ဦး၊ သမိုင်း(၁)ဦးနှင့် ဘောဂဗေဒ (၁၉) ဦးရှိကြောင်းသိရပြီး  အောင်ချက်ရာခိုင်နှုန်းမှာ (၃၈.၁၄) ရာခိုင်နှုန်းရှိကြောင်း သိရသည်။

စိုးကျော်သူထွေး (မတ္တရာ)