ဖားကန့်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးကာ ကျား/မရေးရာအခြေပြု GBV ဆိုင်ရာ အသိပညာပေး ဟောပြောပွဲပြုလုပ်

ဖားကန့် ဇွန် ၁၆

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးကာ ကျား/မရေးရာ အခြေပြု GBV ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ 

အဆိုပါ အခမ်းအနားတွင် လူငယ်များအနေဖြင့် ကျား/မရေးရာ အခြေပြု အကြမ်းဖက်မှုဆိုင်ရာ သဘောတရားများကို သိရှိနားလည်စေရန် အတွက် အသိပညာပေး ဟောပြောရခြင်းဖြစ်ကြောင်း မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးမှူး ဒေါ်ခင်အုန်းနွဲ့က ပြောသည်။ 

ထိုအသိပညာပေး ဟောပြောပွဲတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဝန်ထမ်းများမှ ကျား/မရေးရာ အခြေပြု GBV ဆိုင်ရာများဟောပြောခဲ့ပြီး Grade 8 ကျောင်းသား၊ ကျောင်းသူ ၁၁၆ ဦး တက်ရောက် ခဲ့ကာ ညနေ ၃ နာရီခွဲတွင် အခမ်းအနားပြီးဆုံးခဲ့ကြောင်း သိရသည်။

မိုးသန္တာဦး(ပြန်/ဆက်)