မြောက်ဥက္ကလာပမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဆက်လက်ထိုးနှံ

မြောက်ဥက္ကလာပ ဇွန် ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေသော အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ကြား ကျောင်းသား၊‌ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေးခြင်းကို ယနေ့နံနက်(၁ဝး၀၀)နာရီကစ၍ အမှတ်(၁၀)အခြေခံပညာ အလယ်တန်းကျောင်းခွဲ၌ ထိုးနှံပေးကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌ကပ်ကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ‌လဲ့ညိုဝင်း၊ မြို့နယ်ပညာရေးမှူး ဒေါ်မို့မို့ခိုင်တို့ကကြီးကြပ်ပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ ယနေ့နံနက်ပိုင်းက အမှတ်(၁၀)အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် ကျောင်းသား၊ ကျောင်းသူ(၅၅၅)ဦးအား ထိုးနှံဆောင်ရွက်ကြကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ်တွင် အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ကြား ကျောင်းသား၊‌ ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ထိုးနှံပေးခြင်းကို ဇွန် ၆ ရက်တွင် စတင်ထိုးနှံပေးခဲ့တာဖြစ်ပြီး ကိုဗစ်-၁၉‌ ရောဂါကာကွယ်‌ဆေးထိုးရန်ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား သတ်မှတ်ရက်အလိုက် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်းနှင့် ဆေးထိုးနှံရန်မကျန်ရှိစေရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉  ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

လှလှထွေး (ပြန်/ဆက်)