ကြာအင်းဆိပ်ကြီးမြို့၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း Book Club အဖွဲဝင်များမှ စာဖတ်ဝိုင်းကျင်းပ

ကြာအင်းဆိပ်ကြီး ဇွန် ၁

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများအနေဖြင့် အသက်အရွယ်အလိုက် စာအုပ်စာစောင်များအား ဖတ်ရှုလေ့လာပြီး ဗဟုသုတအတွေးအမြင်များရရှိပြီး ကိုယ်တိုင်စဉ်းစားဆုံးဖြတ်တတ်သော အတွေးအခေါ်အမျှော်အမြင်များ ရရှိလာစေရေးနှင့် စာအုပ်စာစောင်များကို လေ့လာဖတ်ရှုတတ်သော အလေ့အကျင့်ကောင်းများ ရရှိလာစေရေးရည်ရွယ်၍ စာဖတ်ဝိုင်းများကို အစဉ်အမြဲ ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါစာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနလူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ကျင်းပရာ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း  Book Club  အဖွဲ့ဝင်များမှ၊  စာရေးဆရာ ကျော်ဝင်းဟိန်း(ပခုက္ကူ)ရေးသားသည့် နှလုံးသားယဉ်ကျေးမှုစာအုပ်များ ခေါင်းစဉ်ပါ ဆောင်းပါးစာစုများဖြစ်သည့် ကမ္ဘာပေါ်ကအတော်ဆုံးလူ၊ စကားကိုဆင်ဆင်ခြင်ခြင်ပြောပါ၊ မီးအိမ်တစ်ခုနှင့် လူ၊ တန်ဖိုးမရှိသောကြွယ်ဝမှု၊စသည့်ခေါင်းစဉ်ပါ ဆောင်းပါးစာစုများအား Book Club အသင်းဝင်များမှ အလှည့်ကျဖတ်ကြားပြီး ဆောင်းပါးစာစုများ၏ အကြောင်းအရာများအား အသင်းဝင်များက ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

မျိုးမင်းဦး