ကျောက်တန်း ဇွန်၁၆
၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်အတွင်းရှိ အ.ထ.က(ခနောင်) (၁၂၀ပေx၃၀ပေ) အုတ်ညှပ်နှစ်ထပ်ဆောင်နှင့် အ.မ.က(ဂွေးပင်) (၁၂၀ပေx၃၀ပေ) အုတ်ညှပ်နှစ်ထပ်ဆောင်တို့သည် အန္တရာယ်ရှိသည့် ကျောင်းဆောင်များဖြစ်သည့် အတွက် ဖျက်သိမ်း၍ အသစ်ပြည်လည် ဆောက်လုပ်ရာတွင် ဖျက်သိမ်းရရှိသော ပစ္စည်းများ လေလံတင်ရောင်းချပွဲကို ယနေ့နံနက် (၁၀:၀၀)နာရီ အချိန်က မြို့နယ်ပညာရေးမှူးရုံးတွင် ကျင်းပခဲ့သည်။
အဆိုပါ လေလံတင်အခမ်းအနားတွင် အိတ်ပိတ်လေလံတင်သွင်းသူများသည် တန်ဖိုးငွေကို ကျပ်ငွေဖြင့် ဖော်ပြရန်၊ တင်သွင်းသည့် ကုမ္ပဏီ/ အဖွဲ့အစည်းသည် တရားဝင်မှတ်ပုံတင်ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံသားပိုင် နာမည်ပျက်စာရင်းတွင် မပါဝင်သည့် ကုမ္ပဏီဖြင့်ရန်၊ အဆောက်အဦ ဖျက်သိမ်း/ ရောင်းချရေးအဖွဲ့၏အိတ်ပိတ် လေလံအဆိုပြုလွှာပုံစံဖြင့် အဆိုပြုရန် သတ်မှတ်ချက်နှင့်မညီညွတ်သည့် အိတ်ပိတ်လေလံများအား ရွေးချယ်ရန်မသင့်သည့် အိတ်ပိတ်လေလံရှင်များဖြင့် သတ်မှတ်မည်ဖြစ်ရန်၊ အိတ်ပိတ်လေလံရွေးချယ်ခံရသူအနေဖြင့် ဆယ်တင်ပစ္စည်းများကို အိတ်ပိတ်လေလံရွေးချယ်ခံရသည့် နေ့မှ (၇) ရက်အတွင်း သယ်ယူရန်၊ သတ်မှတ်သည့်နေရာနှင့် နေ့ရက်အတွင်း ကျင်းပမည့် လေလံ ရွေးချယ်ပွဲသို့ တက်ရောက်ရန်အတွက် ခေါ်ယူပါက အချိန်မီရောက်ရှိရန်၊ လေလံဖွင့်ဖောက်သည့်နေ့တွင် တက်ရောက်ခြင်းမရှိပါက တင်သွင်းလွှာအား အလိုအလျှောက်ပယ်ဖျက်ရန်၊ တင်သွင်းသည့် တန်ဖိုးအခြေခံဈေးနှုန်းဖြင့် မှတ်ယူပြီး ဈေးပြိုင်ဆွဲဝယ်သည့် စနစ်အတိုင်း ဆောင်ရွက်ရန်တို့ကို မြို့နယ် အဆောက်အဦ ဖျက်သိမ်း/ရောင်းချရေးအဖွဲ့ထံမှ သိရသည်။
လေလံတင်အခမ်းအနားတွင် အိတ်ပိတ်လေလံ လျှောက်ထားသူ(၃၄)ဦး၊ အိတ်ပိတ်တင်သွင်းသူ(၇)ဦးရှိပြီး ဦးအေးရှားဝမ်းမှ အ.ထ.က (ခနောင်)အား(၁၂၅)သိန်းနှင့် အ.မ.က(ဂွေးပင်)အား (၂၆)သိန်းဖြင့် လေလံအောင်မြင်သွားကြောင်း သိရသည်။
အိသန္တာချို