ဒဂုံမြို့နယ်ရှိ​ ကျောင်းများတွင်​ ကိုဗစ်-၁၉ ​ရောဂါ ကာကွယ်​ဆေး ဆက်လက်ထိုးနှံ​ပေး

ဒဂုံ ဇွန် ၁၆

ရန်ကုန်တိုင်း​ဒေသကြီး၊ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်တွင် ယမန်နေ့ ​နံနက် ၉ နာရီ အချိန်မှ ၁၁:၄၅ နာရီအချိန်ထိ ဒဂုံမြို့နယ်၊ ​ယောမင်းကြီးရပ်ကွက်၊ အလံပြဘုရားလမ်းနှင့် နဝ​ဒေးလမ်း​ထောင့်ရှိ အမှတ် (၁) အ​ခြေခံပညာ အထက်တန်း​ကျောင်း တွင် အသက် (၅) နှစ်မှ (၁၂) နှစ်အတွင်းရှိ​ ကျောင်းသား​၊ ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ထိုးနှံခြင်း လုပ်ငန်းဆက်လက်ဆောင်ရွက်ခဲ့ရာ ဒဂုံမြို့နယ်အတွင်းရှိ ​ကျောင်းသား ၁၈၂ ဦး၊​ ကျောင်းသူ ၁၈၇ ဦး၊ စုစုပေါင်း  ၃၆၉ ဦးတို့အား ထိုးနှံ​ပေးခဲ့ကြပြီး ကာကွယ်ဆေး ၁ လုံးလျှင် ၅ ဦး နှုန်းဖြင့် ၃၆၉ ဦးအတွက် ဆေးအလုံးရေ ၇၃.၈ လုံး အား ထိုးနှံ​ပေးခဲ့သည်။

ထိုသို့​ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ​ပေးစဉ် သက်ဆိုင်ရာတာဝန်ရှိ အဖွဲ့အစည်းများပူး​ပေါင်း၍ ကူညီဆောင်ရွက်​ပေးခဲ့ကြ ကြောင်း သတင်းရသည်။

မေသန္တာ