တောင်ဥက္ကလာပ ဇွန် ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ပြည်သူများအား ယာဉ်တိုက်မှုအန္တရာယ်မှကင်းရှင်းစေရေး၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းလိုက်နာစေရေးအတွက် ယနေ့နံနက်(၀၉:၃၀)အချိန်က အမှတ်(၁၅)ရပ်ကွက်၊ သံသုမာလမ်း၊ ဘေလီတံတားအနီးတို့တွင် ယာဉ်စစ်ဆေးခြင်း ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် ယာဉ်များသွားလာမှုများပြားသည့် မြို့နယ်အတွင်းရှိ သံသုမာလမ်း၊ လမ်းဆုံ၊ လမ်းခွတို့တွင် ယာဉ်တိုက်မှုမဖြစ်ပွားစေရန်၊ ယာဉ်အန္တရာယ်ကင်းရှင်းစေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးအောင်မြတ်မိုးနှင့် အဖွဲ့ဝင်များကြီးကြပ်၍ မြို့နယ်မော်တော်ယာဉ် စစ်ဆေးအရေးယူရေးဆပ်ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာဝန်ထမ်းများနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပြီး လူစည်ကားရာနေရာဖြစ်သည့် သုမင်္ဂလာလမ်း၊ နန္ဒဝန်စျေးရှေ့နှင့် အခြေခံပညာကျောင်းများရှေ့တွင်လည်း ကျောင်းသား၊ ကျောင်းသူများ၊ စျေးဝယ်သူ၊ ခရီးသွားပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရေးနှင့် ယာဉ်လမ်းရှင်းလင်းစေရေးအတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
ခင်ဆွေနှင်း (ပြန်/ဆက်)