မြောက်ဥက္ကလာပ ဇွန် ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ယနေ့ နံနက် ၁၀ နာရီတွင် မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ Talk Show ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်လှလှထွေးက Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်စာရေးဆရာ အသင်းဥက္ကဋ္ဌ ဦးသိန်းဝင်း (သိန်းဝင်းဇော်)က မူးယစ်ဆေးဝါးကို ဘုံရန်သူအဖြစ် သတ်မှတ်ကာဝေးဝေးမှ ရှောင်ရှားစေလိုကြောင်းနှင့် အမျိုးသားရေး တာဝန်တစ်ရပ် ဖြစ်သည့်အတွက် ပူးပေါင်းပါဝင်ကြရန်၊ မူးယစ်ဆေးဝါးသည် လူသားတွေကို အညွန်တုံးစေပြီး မိသားစုအလိုက် ဘဝပျက်တာမျိုးတွေရှိရပါကြောင်း၊ လူငယ်တွေ မူးယစ်နွံ့ထဲမရောက်ဖို့ ဝိုင်းဝန်းဆောင်ရွက်ကြရန်၊ မူးယစ်ဆေးဝါး အန္တရာယ် အကြောင်း သိကောင်းစရာများ၊ မူးယစ်ဆေးဝါးဖြစ်ပေါ်လာပုံ၊ မူးယစ်ဆေးဝါး အမျိုးအစားများစသည်ဖြင့် အကျယ်တဝင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။
လှလှထွေး(ပြန်/ဆက်)