ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးအား ရွှေစင်ရွှေပြားနှင့် ရွှေဆေးသင်္ကန်းတော် ကပ်လှူနိုင်ရေး အလှူငွေများလှူဒါန်း

ပုဗ္ဗသီရိ ဇွန် ၁၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးအား ရွှေစင်ရွှေပြားနှင့် ရွှေဆေးသင်္ကန်းတော် ကပ်လှူနိုင်ရေးအတွက် ညွှန်ကြားရေးမှူးချုပ်နှင့်  တိုင်းဒေသကြီး/ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းမိသားစုများမှ ယနေ့နံနက် (၁၀)နာရီအချိန်က အဆိုပါဘုရားလှိုဏ်ဂူတော်အတွင်း၌ အလှူငွေများပေးအပ်လှူဒါန်းခဲ့သည်။

ထို့သို့လှူဒါန်းရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သန်းနှင့် တာဝန်ရှိသူများက ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးအား ရွှေစင်ရွှေပြားနှင့် ရွှေဆေးသင်္ကန်းတော် ကပ်လှူနိုင်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းမိသားစုများကိုယ်စား လှူဒါန်းငွေကျပ် (၂၃၆၈၃၄၀၀)အား ဥပ္ပါတသန္တိဘုရား ဂေါပကဦးထွန်းကြည်ထံသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

မျိုးသီဟ (ပြန်/ဆက်)