သံတောင်ကြီး ဇွန် ၁၆
ကရင်ပြည်နယ်၊ ဘာအံခရိုင်၊ သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရေပေးရေး၊ မီးလင်းရေး၊ ကုန်ထုတ်လမ်း၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း၊ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းနှင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများစသည့်တို့အား ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်(၁၀)နာရီအချိန်က သပြေညွန့်ကျေးရွာတွင်ကုန်ထုတ်လမ်းဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းနှင့် ဝန်ထမ်းများက ကွင်ဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းက မြစိမ်းရောင်စီမံကိန်း ကျေးရွာဖြစ်သည့်သပြေညွှန်ကျေးရွာတွင် ကုန်ထုတ်လမ်းဆောင်ရွက်နိုင်ရေး၊ မြစိမ်းရောင်စီမံကိန်းစာရင်းများစစ်ဆေးခြင်း၊ အရင်းမပျောက်လည် ပတ်ရန်ပုံငွေဆပ်ချေးဆောင်ရွက်ရန် မြစိမ်းရောင်ကျေးရွာကော်မတီများနှင့်တွေ့ဆုံဆွေးနွေးပြီး ကုန်ထုတ်လမ်းဆောင်ရွက်မည့်နေရာအား သွားရောက်ကြည့်ရှုခဲ့ကြောင်းသိရသည်။
နော်နော်မူ