ကော့မှူး ဇွန် ၁၆
ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာစွာပညာသင်ကြားနိုင်ရေးအတွက် ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်၊ ပြည်တော်သာရပ်ကွက်၊ အခြေခံပညာမူလတန်းလွန်ကျောင်း (မူလွန်ပြည်တော်သာ)၌ ယမန်နေ့နံနက် ၁၁ နာရီက အသက်(၅)နှစ်မှ ၁၂ အရွယ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm)အား ပထမအကြိမ်ထိုးနှံပေးနေကြောင်း သိရသည်။
ကိုဗစ်ကာကွယ်ဆေးမထိုးနှံမီ ဒေါ်ညိုညို(PHN)နှင့် သူနာပြုဆရာမများက ကျောင်းသား/ ကျောင်းသူများအား အပူချိန်တိုင်းတာခြင်း၊ စိုးရိမ်ရသည့်လက္ခဏာရှိ/မရှိမေးမြန်းခြင်း၊ မိဘအုပ်ထိန်းသူများအား သဘောတူလက်မှတ်ရေးထိုးခြင်း၊ မှတ်တမ်းရေးသွင်းခြင်း၊ ကျောင်းသား၊ ကျောင်းသူများ ကာကွယ်ဆေးထိုးနှံရာတွင် လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် ကျောင်းအကျိုးတော်ဆောင်များနှင့် ဆရာ/ ဆရာမများ ဝိုင်းဝန်းဆောင်ရွက်ပေးကြသည်။
ထို့နောက်အသက်(၅)နှစ်မှ အသက်(၁၂)အရွယ် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm)ပထမအကြိမ်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
ကျော်သူရ