ပုလော ဇွန် ၁၆
တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ် လူမှုရေးပင်စင် ငွေများကို ဇွန်လ ၁၅ ရက်နေ့ က ပုလောမြို့နယ် အမှတ် ၁ ရပ်ကွက်၌ အဘိုး/ အဘွားများအား အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ပေးအပ်ငွေများကို ပုလောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြိတ်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စာရေးများမှတဆင့်တစ်ဦးလျှင် ၂၀၂၂ ခုနှစ် ဧပြီ မေ ဇွန် လများအတွက် (၃၀၀၀၀) ကျပ်စီ အဘိုး/အဘွားများ လက်ဝယ်အရောက် ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း သိရသည်။
ပုလောမြို့နယ်၌ အသက် ၈၅ နှစ်အထက် အဘိုး (၃၁၀) ဦး၊ အဘွား (၃၀၁) ဦး စုစုပေါင်း (၆၁၁)ဦးတို့အား တစ်ဦးလျှင် ၂၀၂၂ ခုနှစ် ဧပြီ မေ ဇွန်လများအတွက်(၃၀၀၀၀)ကျပ်နှုန်းဖြင့် ငွေကျပ် ၁၈၃၃၀၀၀၀ ကို ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
အေးအေးမော် (ပုလော)