ပင်လုံ ဇွန် ၁၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများအသိပညာဗဟုသုတ တိုးပွားလာစေရန် ရည်ရွယ်၍ ယနေ့ နံနက် (၁၁)နာရီ အချိန်ခန့်က သဘာဝဘေးအန္တရာယ်အသိပညာပေး Talk show အစီအစဉ်ကို လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဆောင်ရွက်၍ Online မှတဆင့် ပင်လုံမြို့ပြည်သူ့စာကြည့်တိုက်(Page)၌ လွှင့်တင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါဆောင်ရွက်ခြင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အိမြတ်နိုးသူက မုန်တိုင်းဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ရန်အချက်များ၊ မုန်တိုင်းအန္တရာယ်ကိုနားလည်သဘောပေါက်လွယ်စေရန် အရောင်အညွှန်းနှင့် လုပ်ဆောင်ရမည့်လုပ်ငန်းများ၊ မုန်တိုင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေချိန်နှင့် ဖြစ်ပေါ်ပြီးချိန်တွင် ရှောင်ရှားသင့်သည့်အချက်များ၊ မုန်တိုင်းကျရောက်ပြီးပါကပြုလုပ်ရမည် အချက်များစသည့် မုန်တိုင်းဘေးအန္တရာယ်နှင့်သက်ဆိုင်သည့် အကြောင်းအရာဗဟုသုတများကို မြို့နယ်ဦးစီးမှူးနှင့် စာကြည့်တိုက်လက်ထောက်-၃ ဒေါ်အတာစိုးတို့က အပြန်အလှန်ဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)