ဟိုပန်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသိပေးလှုံ့ဆော်

 

ဟိုပန်                စက်တင်ဘာ                  ၇

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကြိုတင် ကာကွယ်ရန်နှင့် ရောဂါပြန့်ပွားမှုမရှိစေရေး ကျန်းမာရေး လမ်းညွှန်ချက်များကို သိရှိလိုက်နာရန်  အတွက် ယနေ့ နံနက် (၈)နာရီအချိန်က ဟိုပန်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာန တို့ပူးပေါင်း၍ ဟိုပန်မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ လိုက်လံအသိပေး နှိုးဆော်ခြင်း လုပ်ငန်းများကို ဆောင်ရွက် ခဲ့ပါသည်။

အဆိုပါအသိပေးနှိုးဆော်ခြင်းလုပ်ငန်းကို ဟိုပန်မြို့ရှိလူစည်ကားသော မြို့မဈေးနှင့် ကျောက် တိုင် အဝိုင်း တို့တွင် လည်းကောင်း၊ မြို့ပေါ်ရှိ ရပ်ကွက်နှင့် ကျေးရွာများတို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ် ရေး အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန် ချက်အတိုင်းနေထိုင်ရန်၊ လူစု လူဝေးရှောင်ကြဉ်ကြရန်၊ နေအိမ်ပြင်ပသို့ မလိုအပ်ဘဲမထွက်ကြရန်၊ အ ပြင်ထွက်ပါကလည်း နှာခေါင်း စည်း Mask များတပ်ဆင်ကြရန်၊ မိမိလက်များကို မကြာခဏ ဆပ်ပြာ ဖြင့် ဆေးကြောသန့်စင်ရန်၊ ကိုယ်အပူချိန် မြှင့်တက်မှုခံစားရပါက ကျန်းမာရေးဦးစီးဌာနသို့ သွားရောက် စစ်ဆေးပြသပြီး ကုသမှုခံယူကြရန်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများကို ပြည်သူ လူထုများ ကလည်း ပူးပေါင်းဆောင်ရွက်ကြရန် လိုက်လံ အသိပေးနှိုးဆော်ခဲ့သည်။

ထို့နောက် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)