ပင်းတယ ဇွန် ၁၅
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၊ အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်း၊ မြတ်ရတနာခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဉီးဆောင်၍ ဌာနဆိုင်ရာများပူးပေါင်းမှုဖြင့် အသိပညာပေးဟောပြောပွဲအား ယနေ့ နံနက် ၁၀ နာရီက အဆိုပါခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပင်းတယမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မိုးလွင်က ကျောင်းသား /သူ လူငယ်များအား ထူးချွန်ထက်မြက်ပြီး အကျင့်စာရိတ္တကောင်းမွန်သော လူတော်လူကောင်း များဖြစ်လာစေရန်၊ ( ၃၈) ဖြာ မင်္ဂလာနှင့်အညီ ပြုမှုနေထိုင်တတ်ပြီး မိမိတို့ ထုံးတမ်းစဉ်လာ လူနေမှုအကျင့်စရိုက် ရိုးရာဓလေ့များ၊ ထိန်းသိမ်းစောင့်ရှောက်တတ်သည့် လူတော်လူကောင်းများ ဖြစ်လာစေရန်ရည်ရွယ်၍ အသိပညာပေးခြင်းများ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း အဖွင့် အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ရဲတပ်ဖွဲ့မှ ရဲအုပ်သန်းထိုက်စိုးက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးခြင်း၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းမာသိန်းက သဘာဝဘေးနှင့်ပတ်သတ်၍ အသိပညာပေးခြင်း၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စုထားဝေက သက်ငယ်မုဒိမ်း ကာကွယ်ရေးအသိပညာပေးခြင်း၊ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မိုးမိုးထွေးမှ လူငယ်နှင့်ပျော်ရွှင်မှု အကြောင်းအရာများကိုလည်းကောင်း အသီးသီး အသိပညာပေးဟောပြောခဲ့ကြသည်။ အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဆရာ/ ဆရာမများကျောင်းသား/ ကျောင်းသူများ စုစုပေါင်းလူဦးရေ (၁၇၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
အေးအေးလတ်