ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ဝန်ထမ်းများ ရုံးတွင်းစာဖတ်ဝိုင်းဆွေးနွေးပွဲဆောင်ရွက်

ကလိန်အောင်  ဇွန် ၁၅

ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုရာထူးဝန်အဖွဲ့ကထုတ်ဝေသည့် "နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ" စာအုပ်ဖြင့် ဝန်ထမ်းများ ရုံးတွင်းစာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းအချိန်က ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ခင်ခင်လဲ့က မိမိတို့အားပေးအပ်ထားသည့် လုပ်ငန်းတာဝန်များကို ပြီးမြောက်အောင်မြင်စွာဆောင်ရွက်နိုင်စေရန်၊ နည်းဥပဒေပါ စည်းမျဉ်းစည်း ကမ်းများကို သိရှိ လိုက်နာဆောင်ရွက်ရန်နှင့် ဝန်ထမ်းများ၏အရည်အသွေးများ တိုးတက်မြင့်မားစေရန်ရည်ရွယ်၍ ဝန်ထမ်းများရုံးတွင်းစာဖတ်ဝိုင်း ဆွေးနွေးပွဲဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ဝန်ထမ်းများက  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုရာထူးဝန်အဖွဲ့က ထုတ်ဝေသည့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ စာအုပ်ပါ အခန်း(၂) ဝန်ထမ်းခန့်ထားခြင်း ဆိုင်ရာသတ်မှတ်ချက်များ၊ အခန်း(၃) ဝန်ထမ်းများခန့်ထားခြင်းနှင့် ဌာနကူးပြောင်းတာဝန် ထမ်းဆောင်ခြင်း အကြောင်းအရာများကို ရုပ်သံကျွမ်းကျင်-၃ ဦးလူမင်းအောင်ကလည်းကောင်း၊ အခန်း(၄) ရာထူးတိုးမြှင့်ခြင်းဆိုင်ရာ၊အသိကောင်းစရားများ၊ သိရှိဆောင်ရွက်ရမည့်အချက်များကို အငယ်တန်းစာရေး ဒေါ်ဖြိုးဝင့်စံကလည်း ကောင်းအသီးသီးဖတ်ကြားပြီး အချင်းချင်း ပြန်လည်ဆွေးနွေးခဲ့ကြသည်။အဆိုပါ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေစာအုပ်တွင် အခန်း (၂၅) ခန်းပါဝင်၍ ဆွေးနွေးရန်ကျန်ရှိသည့်အခန်းများကို အပတ်စဉ်ဆက်လက်ဆွေးနွေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ခင်ခင်လဲ့(ပြန်/ဆက်)