တာချီလိတ် ဇွန် ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၌ အခြေခံပညာကျောင်းများတွင် အသက်(၅)နှစ်အထက် ကျောင်းသား၊ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်းကို တာချီလိတ်(အ-ထ-က)ကျောင်းတွင် ယနေ့နံနက် ၉ နာရီခွဲက ကျန်းမာရေးဦးစီးဌာနနှင့် ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်းပြီး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံပေးခြင်းကို အသက်(၅)နှစ်မှ(၁၁)နှစ်ကြား အုပ်စု(A)နှင့် အသက်(၁၂)နှစ်မှ (၁၇)နှစ်ကြား အုပ်စု(B) သတ်မှတ်၍ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ထိုးနှံရန် ကျောင်းသား၊ ကျောင်းသူ (၁၃၀၀) ဦး ကျော်ရှိကြောင်း သိရသည်။
ကာကွယ်ဆေးကို သတ်မှတ်ကာလအတွင်း အပြီးသတ်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ ဇွန်လ(၁၇)ရက်နေ့တွင် ဆန်ဆိုင်း(အ-ထ-က)ကျောင်း၌ ထိုးနှံပေးသွားမည်ဖြစ်ပြီး ကျန်သည့်ကျောင်းများတွင်လည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ဒုတိယမြို့နယ်ပညာရေးမှူးထံမှ သိရသည်။
ယာဆေး(ပြန်/ဆက်)