နောင်ချိုမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို စိတ်ကြိုက်ပန်းချီပြိုင်ပွဲနှင့် ဆုပေးပွဲကျင်းပ

နောင်ချို ဇွန် ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမ၌ မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း၊ နောင်ချိုရိပ်မွန်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို စိတ်ကြိုက် ပန်းချီပြိုင်ပွဲကို ယနေ့နံနက် (၉:၃၀)အချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းထွေးက ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး ပြိုင်ပွဲဝင်ကျောင်းသား၊ကျောင်းသူများက ပန်းချီများရေးဆွဲခဲ့ကြသည်။ ဆက်လက်၍ ဆုပေးပွဲကိုကျင်းပရာ မြို့နယ်မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းဥက္ကဋ္ဌ ဦးအောင်ကျော်က ပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ကြသူများအား ဆုချီးမြှင့်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ဆုရရှိသူများအား ဆုချီးမြှင့်ခဲ့ပြီး ပြိုင်ပွဲဝင်များအား အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။

ယနေ့ပြိုင်ပွဲသို့ အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၁၂)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား ပထမဆု ၂၀၀၀၀/-ကျပ်၊ ဒုတိယဆု ၁၅၀၀၀/-ကျပ်၊ တတိယဆု ၁၀၀၀၀/- ကျပ်နှင့်ပြိုင်ပွဲဝင်များအား အမှတ်တရလက်ဆောင်များကို မြန်မာနိုင်ငံမူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း၊ နောင်ချိုရိပ်မွန်မှချီးမြှင့်ပေးခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကော်ဖီနှင့်မုန့်များဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြောင်း သိရသည်။

ထွေးငယ်(ပြန်/ဆက်)