မိုင်းယန်းမြို့တွင် တောင်သူများ၏ စိုက်ပျိုးသီးနှံပင်အာဟာရ ဖြည့်တင်းမှုအ‌ပေါ် ကနဦးဆန်းစစ်ချက် မှတ်တမ်း ကောက်ယူ

မိုင်းယန်း   စက်တင်ဘာ  ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင်  မိုင်းယန်းမြို့ရှိ တောင်သူများ စိုက်ပျိုးသီးနှံပင် အာဟာရဖြည့်တင်းမှုအပေါ် ဆန်းစစ်မှတ်တမ်း ကောက်ယူခြင်းကို ယမန်နေ့က  မွန်းလွဲ ၃ နာရီအ ချိန်က ပါမိုင်ရပ် ကွက်အုပ်ချုပ် ရေးမှူးရုံး၌ ဆောင်ရွက်ခဲ့ကြောင်းသိရ သည်။

ထိုသို့စာရင်း ကောက်ယူရာတွင် မိုင်းယန်းမြို့နယ် မြေအသုံးချရေးတာဝန်ခံ လက်ထောက် ဦးစီးမှူး ဒေါ်နေခြည်ဝင်းနှင့် ဝန်ထမ်းများက ဓါတ်မြေဩဇာသုံးစွဲမှု စာရင်း ကောက်ယူခြင်းကို သုံးနှစ် တစ်ကြိမ်ပြု လုပ်သွား မည်ဖြစ်ကြောင်းနှင့် ထိုသို့ဆောင်ရွက်ရခြင်းမှာ တောင်သူများ၏ သီးနှံပင်များ အာဟာရ ဓါတ်ဖြည့် တင်းမှု အနေအထားကို လေ့လာ ဆန်းစစ်ခြင်းဖြစ်ပြီး တောင်သူ နည်းပညာ လက်ခံကျင့်သုံးမှု အတိုင်း အတာ နှင့် ထပ်မံဖြည့်စွက်ပေးရမည့် နည်းပညာ လိုအပ်ချက်များကို ပြင်ဆင်ဆောင်ရွက်ပေးနိုင်ရန်အတွက် ဖြစ်ကြောင်း စသည်တို့ကို ရှင်းလင်း ပြောကြားသည်။

ထို့နောက် မိုင်းယန်းမြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးညွှန့်တင် ၊မြို့နယ်မြေအသုံးချရေး တာဝန်ခံ လက်ထောက် ဦးစီးမှူး ဒေါ်နေခြည်ဝင်းနှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများက စိုက်ပျိုးရေး လုပ်ငန်း လုပ်ကိုင်ကြသော တောင်သူ(၂၀) ဦးအား ၎င်းတို့၏ အမည်၊ အသက်၊ ပညာ အရည် အချင်းနှင့် အတွေ့ အကြုံ၊ပိုင်ဆိုင်သော လယ်မြေဧက၊ စိုက်ပျိုးသော ခုနှစ်၊ ရာသီ အသီးအနှံ အမျိုး အစားများနှင့် အဓိက စိုက်ပျိုးသည့် နည်းစနစ်များ၊ သီးနှံအထွက်နှုန်း၊ ရောင်းချရသည့် ဈေးနှုန်း များစသည် တို့ကို မေးမြန်း၍ စာရင်း ကောက်ယူကာ တောင်သူများ အနေနှင့် သဘာဝ မြေဩဇာနှင့် ဓါတ်မြေ ဩဇာများ သုံးစွဲမှုအခြေအနေ၊ ဓါတ်မြေဩဇာသုံးစွဲပါက အမျိုးအစားနှင့်ပမာဏ၊ နေရာနှင့်အချိန် ၊ ဓါတ်မြေဩဇာ သုံးစွဲမှုနှင့်ပတ်သက်၍ နားလည်သိရှိမှုအတိုင်းအတာ စသည်တို့ကို တောင်သူ တစ်ဦးချင်း အားမေးမြန်း၍ မှတ်တမ်းစာရင်း ကောက်ယူ ခဲ့ကြကြောင်းသိရသည်။

ထွန်းထွန်းထူး(ပြန်/ဆက်)