လောင်းလုံးမြို့နယ်၊ သင်္ဘောဆိပ် စျေး၌ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး အစီအစဉ်ဖြင့် နှာခေါင်းစည်း(Mask)များ တပ်ဆင်၍ စျေးရောင်းစျေးဝယ်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးမှုပြုလုပ်

လောင်းလုံး စက်တင်ဘာ ၇

တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်ခရိုင်၊လောင်းလုံးမြို့တွင်ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေး အစီအစဉ်ဖြင့် ဝေဒီစျေးတွင် နှာခေါင်းစည်း(Mask) တပ်ဆင် ၍ ​စျေးရောင်းစျေးဝယ်ရေးရှိမရှိကွင်းဆင်း စစ်ဆေး မှု ကို ယမန်နေ့ နံနက်၉နာရီ အချိန်က ပြုလုပ်ဆောင်ရွက်ကြောင်းသိရသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်မှုများကြောင့် လောင်းလုံးမြို့နယ်အတွင်းရှိ လူစုလူဝေးနေရာများ ဖြစ်သည့် စျေးများ၊စားသောက် ဆိုင်များတွင် နှာခေါင်းစည်း (Mask)များတပ်ဆင်လာကြသောကြောင့်ရောဂါ ကူးစက် ပြန့်ပွားမှုများမရှိစေရန်ကာကွယ် ထိန်းချုပ် နိုင်မည်ဖြစ်ပြီးကျန်းမာရေးအသိပညာပေးခြင်းများကိုလည်း ဆောင် ရွက် ပေးခဲ့ကြောင်းသိရသည်။

အဆိုပါကွင်းဆင်းဆောင်ရွက်ရာတွင် လောင်းလုံးမြို့နယ်စည်ပင်သာယာရေးအမှုဆောင်အရာရှိ ဦးကျော်ဌေးနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများပူးပေါင်း၍ လောင်းလုံမြို့နယ်၊သဘော့ဆိပ်စျေးတွင် နှာခေါင်းစည်း (Mask) တပ်ဆင်၍ စျေးရောင်း၊ စျေးဝယ်မှု ရှိ/မရှိကွင်းဆင်းစစ်ဆေးခဲ့ကြောင်းနှင့် လိုက်နာ ဆောင်ရွက် မှုမရှိပါက ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ အပြစ်ပေးအရေး ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။

သိန်းသိန်း