လှိုင်းဘွဲ ဇွန် ၁၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှု ဝန်ထမ်းဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပထမ(၃)လပတ်အတွက် လှိုင်းဘွဲမြို့နယ်အတွင်း လူမှုရေးပင်စင်အကျိုးခံစာခွင့်ရှိသည့် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား(၉၅၉)ဦးအား ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက်ထောက်ပံ့ငွေများ ပေး အပ်ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပထမ(၃)လပတ်(ဧပြီ၊မေ၊ဇွန်)လအတွက် လူမှုရေးပင်စင် အကျိုးခံစားခွင့်ရှိသည့် အသက်(၈၅)နှစ်အထက် သက်ကြီးအဘိုးများအား ထောက်ပံ့ငွေများကို လှိုင်ဘွဲမြို့နယ်တွင် အဘိုး(၂၃၄)ဦး၊အဘွား(၃၂၈)ဦး၊ ပိုင်ကျုံမြို့တွင် အဘိုး(၁၁၉)ဦး၊အဘွား(၂၀၄)ဦးနှင့်ရှမ်းရွာသစ်မြို့တွင် အဘိုး(၂၆)ဦး၊အဘွား(၄၈)ဦး စုစုပေါင်း အဘိုး(၃၇၉)ဦး၊ အဘွား(၅၈၀)ဦးအ တွက် တစ်ဦးလျှင် (၃၀၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေ(၂၈၇၇၀၀၀၀)ကျပ်ကို လူမှုဝန်ထမ်းဦးစီးဌာနဝန်ထမ်း များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာစာရင်းများက အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ပြီးစီးပြီးဖြစ်ကြောင်း မြို့ နယ်လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ သိရသည်။
စောဒိ(ပြန်/ဆက်)