တနင်္သာရီ ဇွန် ၁၄
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာအုပ်စု-ထုံခါကျေးရွာ အကျဉ်းဦးစီးဌာန၊ ဆင်ဖြူရှင်စိုက်ပျိုးမွေးမြူ ရေးနှင့်သက်မွေးမှုအတတ်သင်စခန်း(ထုံခါ)ရှိဝန်ထမ်းများနှင့် လုပ်အားရှင်အကျဉ်းသားများပေါင်း(၁၆၇)ဦးတို့အား ညောင်ပင်ကွင်းကျေးရွာ ကျေးလက်ကျန်းမာရေးဌာနမှ လ/ထကျန်းမာရေးမှူး ဦးမြတ်သီလနှင့် ဆရာမများက ယမန်နေ့နံက်၁၀နာရီမှ မွန်း လွဲ ၂နာရီအထိ ၎င်းဆင်ဖြူရှင်အတတ်သင်စခန်းသို့ သွားရောက်၍ ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေး (Booster) ထိုးနှံပေးကြကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ် (COVID-19)ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများဆောင်ရွက်နေသည့် မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်သိုက်ထွန်း၏လမ်းညွှန်မှုအရ လ/ထကျန်းမာရေးမှူး ဦးမြတ်သီလနှင့်ဆရာမများက အဆိုပါဆင်ဖြူရှင်စိုက်ပျိုးမွေးမြူရေးနှင့်သက်မွေးမှုအတတ်သင်စခန်း (ထုံခါ)ရွာရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံပြီး (၃)လနှင့်(၆)လအထက် ကြာမြင့်နေပြီဖြစ်သည့် လုပ်အားရှင်အကျဉ်းသား (၁၅၉)ဦးအားထပ်ဆောင်း(Booster)ကိုလည်း ကောင်း၊ ဝန်ထမ်းနှင့်ဝန်ထမ်းမိသားစုဝင်များ(၉)ဦးအား ပထမအကြိမ်အဖြစ်လည်းကောင်း စုစုပေါင်း (၁၆၇)ဦးအား ကိုဗစ်-၁၉ရောဂါဆိုင်ရာ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကွင်းဆင်း၍ ထိုးနှံပေးကြရာ ၎င်းစ ခန်းတာဝန်ခံ ဦးစီးအရာရှိ ဦးဇေယျာလင်းနှင့်ဝန် ထမ်းများကလိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)