ကမမောင်း ဇွန် ၁၄
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကိုဗစ်-၁၉မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါကူးစက်ပြန့်ပွားမှုကို ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းများကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများကနေ့စဉ်အရှိန် အဟုန်မပျက် နှိုးဆော်ပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က ရပ်ကွက်များအတွင်း လှည့်လည်အသိပေးနှိုးဆော်ခဲ့သည်။
ထိုကဲ့သို့ အသိပညာပေးနှိုးဆော်ရာတွင် လတ်တလောအချိန်၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းလဲမှုအပေါ် ပြည်သူများ အလေးထားလိုက်နာနေထိုင်ကြရန် အသိပေးခြင်းများလှည့်လည် နှိုးဆော်ပေးလျက်ရှိရာ ပြည်သူများအနေဖြင့်ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံပေးရာတွင် ဦးတည်အုပ်စုများအလိုက် အကြိမ်အရေတွက် အ ပြည့်အဝထိုးနှံခြင်းဖြင့် ကိုဗစ်-၁၉ဖြစ်ပွားမှုကို လျော့နည်းကျဆင်းစေရန်နှင့် ထိန်းချုပ်ကာကွယ်နိုင်ရန်၊ လူစုလူဝေးနေရာများသို့ သွားလာခြင်းမှရှောင်ကြဉ်ကြရန်၊ နေအိမ်ပြင်ပထွက်ခွာတိုင်း နှာခေါင်းစည်း Mask ကိုစနစ်တကျမဖြစ်မနေတပ်ဆင်ရန်၊ အပြင်မှပြန်လာတိုင်း လက်ကိုဆပ်ပြာဖြင့် စနစ်တကျဆေးရန်၊၊ အသက် အရွယ်ကြီးသူများ၊ နာတာရှည်ရောဂါအခံရှိသူများအား အထူးဂရုစိုက် ၍ ကာကွယ်ဆေးထိုးနှံထားကြရန် ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို ပြည်သူများမှ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် အသိပေးနှိူးဆော်ခဲ့ကြောင်း သိရသည်။
တင်တင်လှ(ကမမောင်းပြန်/ဆက်)