ကလိန်အောင် ဇွန် ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ အမှတ်(၃)ရပ်ကွက်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက်သင်ကြားကြသည့် အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းသားသမီးများအား ပညာသင်စရိတ် ထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီခွဲက ကျင်းပကြောင်း သိရသည်။
အဆိုပါ ပညာသင်စရိတ်ထောက်ပံ့ငွေပေးအပ်ပွဲတွင် ကလိန်အောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်က ဝန်ထမ်းသား/သမီးများအား ပညာသင်စရိတ်ထောက်ပံ့ငွေပေးအပ်ရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှားစကားပြောကြားသည်။
ပြီးနောက် ကလိန်အောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်နှင့် မိသားစုစည်းကမ်းထိန်း သိမ်းရေးကော်မတီအဖွဲ့ဝင်ဒေါ်ခိုင်ခင်ဦးနှင့် တာဝန်ရှိသူများက၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ပညာသင်ကြားကြသည့် မူလတန်းအဆင့်(၃)ဦးအား တစ်ဦးလျှင်ထောက်ပံ့ငွေ(၅၀၀၀)ကျပ်စီ၊ ထီ(၁)စင်၊ ဗလာစာအုပ်(၁)ဒါဇင်၊ အလယ်တန်းအဆင့် (၁)ဦး၊ ထောက်ပံ့ငွေ(၇၀၀၀)၊ ထီ(၁)ချောင်း၊ ဗလာစာအုပ်(၁)ဒါဇင်၊ စုစုပေါင်းဝန်ထမ်းသားသမီး (၄)ဦးနှင့် ကိုယ်ဝန်ဆောင်မိခင်အားကြက်ဥ(၁၀)လုံး၊ ဖီးကြမ်းငှက်ပျောသီး(၁)ဖီး ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ခင်ခင်လဲ့(ပြန်/ဆက်)