လိပ်သို ဇွန် ၁၄
ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်နိုင်ရန်အတွက် ကရင်ပြည်နယ်၊ဘားအံခရိုင်၊ လိပ်သိုမြို့တွင်ကိုဗစ်-၁၉မျိုးကွဲသစ် အိုမီခရွန်ရောဂါကူးစက်ပြန့်ပွားမှုကို ထိရောက်စွာကြိုတင်ကာကွယ်နိုင်ရေးအသိပညာပေးနှိုးဆော်မှုများအား ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၉:၀၀)အချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များအတွင်း Hand Speaker ဖြင့်လိုက်လံနှိုးဆော်ခြင်းများဆောင်ရွက်ခဲ့သည်။
ထိုသို့လိုက်လံနှိုးဆော်ရာတွင် မြန်မာနိုင်ငံတွင်ရောဂါပိုးတွေ့ရှိသူများရှိနေသေး၍ အထူးသတိပြုနေထိုင်ကြရန်၊ တစ်ဦးချင်းရောဂါကာကွယ်ရေး အခြေခံစည်းကမ်းများကိုလိုက်နာကြရန်၊ သံသယရောဂါလက္ခဏာရှိသူများအနေဖြင့် နီးစပ်ရာကျန်းမာရေးဌာနများသို့ ချက်ခြင်းသတင်းပေးပို့ရန်၊ အလှည့်ကျရရှိလာသည့်ကာကွယ်ဆေးများကို အကြိမ်ပြည့်ထိုးနှံကြရန်၊ ကာကွယ် ဆေးထိုးနှံရန် ကျန်ရှိနေသူများ ကျန်းမာရေးဌာနနှင့်ဆက်သွယ်၍ ထိုးနှံထားကြရန်၊ ကျန်းမာရေးဌာနကထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်းများကိုလိုက်နာကြရန်၊ ရောဂါကူးစက်ပြန့်ပွားမှုကို အမြန်ဆုံးတားဆီးကာကွယ်နိုင်ရန်အတွက် ရောဂါကာကွယ်တား ဆီးရေးလုပ်ငန်းများတွင် ရပ်ကွက်တွင်း နေထိုင်သူပြည်သူများမှ ပူးပေါင်းပါဝင်များဆောင်ရွက်ပေးကြရန် အသိပေးနှိုးဆော်မှုများ လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။
(လိပ်သို/ပြန်ဆက်)