နမ့်ဆန် ဇွန် ၁၄
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့တွင် (Mobile Library) စနစ်ဖြင့် စာအုပ်စာစောင်များဌားရမ်းပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က ရုံးပေါင်းစုံကွင်းရှိ မြို့နယ် စီမံကိန်းရုံး၊ မြို့နယ်ပညာရေးမှူးရုံး မြန်မာ့စီးပွားရေးဘဏ်၊ ပြည်တွင်းအခွန်ဦးစီးဌာနများထံသို့ သွားရောက်ဌားရမ်းပေးခဲ့သည်။
ထိုသို့ စာအုပ်စာစောင်များ ဌားရမ်းပေးရာတွင် နမ်ဆန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ စာပေချစ်မြတ်နိုးသူများအတွက် ဗဟုသုတများရရှိစေရန်နှင့် စာပေများဖတ်ရှုလိုသည့် အလေ့အကျင့်များရရှိစေရန် ရည်ရွယ်ပြီး သုတ/ရသစာအုပ်များ၊ ဝတ္ထူ၊ မဂ္ဂဇင်း၊ ရုပ်ပြစာအုပ်များကို မြို့နယ်စီမံကိန်းရုံး၊ မြို့နယ်ပညာရေးမှူးရုံး မြန်မာ့စီးပွားရေးဘဏ်၊ ပြည်တွင်းအခွန်ဦးစီးဌာန၊ သွားရောက်ဌားရမ်းပေးခဲ့ပြီး နောက်ပတ်တွင်လည်း ဌားရမ်းထားသောစာအုပ်များကို ပြန်လည်သိမ်းဆည်းပြီး စာအုပ်အသစ်များ ပြန်လည်ဌားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
နမ့်ဆန်ဒေသ(ပြန်/ဆက်)