နွားထိုးကြီး ဇွန် ၁၃
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့ အခြေခံပညာကျောင်းများတွင် အသက်(၅)နှစ်မှ(၁၂)နှစ် အထိ ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက်၉ နာရီခွဲက အခြေခံပညာကျောင်းတွင် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် ကျောင်းသား၊ ကျောင်းသူများကို ကိုယ်အပူချိန်တိုင်းခြင်း၊ သွေးပေါင်ချိန်တိုင်းခြင်းများဆောင်ရွက်ပေးပြီး ကျန်းမာရေး ကောင်းသူများအား မိဘအုပ်ထိန်းသူများ၏ သဘောတူခွင့်ပြုချက်ဖြင့် အသက် (၅) နှစ်မှ (၁၂) နှစ်အထိ ကျောင်းသား/ကျောင်းသူ များကို ဇွန်(၃) ရက်နေ့မှ (၁၇)ရက်နေ့အထိ ထိုးနှံပေးမည်ဖြစ်ပြီး ယနေ့တွင် ကျောင်းသား/ ကျောင်းသူ (၁၆၀၉)ဦးကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) အား ကျန်းမာရေးဝန်ထမ်းများမှ စနစ်တကျ ထိုးနှံပေးလျက်ရှိပြီး ကျန်ရှိနေသော အခြေခံပညာကျောင်းများကို ဆက်လက် ထိုးနှံပေးမည်ဖြစ် ကြောင်းသိရသည်။
သန်းအောင်ဇော်