ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် စာဖတ်ဝိုင်းကျင်းပ

ဒဂုံအရှေ့  ဇွန် ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့မွန်းလွဲပိုင်း(၁ )နာရီအချိန်က စာပေချစ်မြတ်နိုးသူများအဖွဲ့(Book Club)ဖြင့်ပူးပေါင်း၍ စာရေးဆရာဒေါက်တာကျော်စိန်ရေးသားသော "လူငယ်လမ်းညွှန်" စာအုပ်မှဆောင်ပါးအကြောင်းအရာများကို စာဖတ်ဝိုင်းပြုလုပ် ဆွေးနွေးခဲ့ကြောင်းသိရသည်။

အဆိုပါစာဖတ်ဝိုင်းတွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ဦးစီးအရာရှိက စာပေချစ်မြတ်နိုးသူ(Book Club)အဖွဲ့များဖြင့် စာဖတ်ဝိုင်းများကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခြင်း၊ စာပေချစ်မြတ်နိုးသူအဖွဲ့ဥက္ကဋ္ဌ မြို့နယ်စာရေးဆရာအဖွဲ့ဝင်ဦးဝင်းသိန်းက မိမိတို့(Book Club)

အဖွဲ့နှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကာ ကျောင်းများဖွင့်လှစ်ပြီးဖြစ်ရာ အသိပညာပေးဟောပြောပွဲ၊ ဆွေးနွေးပွဲများ ယခုလိုစာဖတ်ဝိုင်းများကို ကွင်းဆင်းဆောင်ရွက်သွားမည် အစီအစဉ်များအား ဆွေးနွေးပြောကြားပီးနောက် စာဖတ်ဝိုင်းသို့တက်ရောက်လာသောအဖွဲ့ဝင်များ၊ ပြည်သူစာကြည်တိုက်အသုံးပြုသူ လူငယ်စာဖတ်ပရိသတ်များနှင့်အတူ လူငယ်လမ်းညွန်စာအုပ်မှ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်ဘာသာရေး၊ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေးအစရှိသည့် အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ လူထုအ‌ခြေပြုဗဟိုဌာနတွင် ဝန်ထမ်းများလုပ်ငန်းစွမ်းဆောင်ရည်မြင့်မား‌စေရန် ပြုလုပ်သည့်စာဖတ်ဝိုင်း၊ ဖွဲ့စည်းထားသောစာပေချစ်မြတ်နိုးသူများအဖွဲ့Book Clubနှင့် ပြည်သူစာကြည့်တိုက်အသုံးပြုသူ စာဖတ်/စာငှားပရိသတ်များဖြင့် လစဉ်စာဖတ်ဝိုင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဝင်းအိမွန် (ပြန်/ဆက်)