ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေလိုအပ်နေသည့်ကျေးရွာများသို့ သောက်သုံးရေလှူဒါန်း

ညောင်ဦး  ဇွန်  ၁၃

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သောက်သုံးရေလိုအပ်လျက်ရှိသော ကံကျဲကျေးရွာနှင့် ကွမ်းကြီးတဲတိုက်သို့ ယနေ့နံနက် ၈ နာရီအချိန်က သောက်သုံး ရေဂါလံ (၃၂၀၀)သွားရောက် လှူဒါန်းခဲ့ကြောင်း အေးမေတ္တာသောက်ရေအလှူ တော်အသင်းအကျိုးတော်ဆောင်များထံက သိရသည်။

ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေလိုအပ်လျက်ရှိသော ကျေးရွာများ/တဲတိုက်များသို့ ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေလှူဒါန်းပေးလျက်ရှိ ကံကျဲကျေးရွာအတွက် သောက်သုံးရေ ဂါလံ (၁၆၀၀)နှင့်ကွမ်းကြီးတဲတိုက်အ တွက်သောက်သုံးရေဂါလံ (၁၆၀၀)လှူဒါန်းပေးနိုင်ခဲ့ရာ ဆောင်းဦးပေါက်ရာသီမှစတင်ပြီး သောက်သုံးရေလှူဒါန်းလာသည့် ရန်ကုန်မြို့ဝေမျှခြင်းပရဟိတအသင်းအနေဖြင့် သောက်သုံးရေးလိုအပ်နေသောကျေးရွာများသို့ သောက်သုံးရေဂါလံ (၂၄၈၀၀၀)ဂါလံလှူ ဒါန်းပေးနိုင်ခဲ့ကြောင်း သောက်သုံးရေအကျိုးတော်ဆောင်များထံကသိရသည်။

ကိုကြေးမုံ