ပိုင်ကျုံ ဇွန် ၁၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့အတွင်းရှိ ပြည်သူများ၏ လူနေမှုဘဝတိုးတက်မြင့်မားလာစေရေးနှင့် သွားလာရေးလွယ်ကူအဆင်ပြေစေရန် ရည်ရွယ် ၍ကျေးလက်လမ်းဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိရာ ပိုင်ကျုံမြို့၊ အမှတ်(၁)ရပ်ကွက်နှင့် မိုးနိုင်းကျေးရွာ ဆက်သွယ်ထားသည့်တံတားအား မိုးရာသီတွင်ရေတိုက စားမှုအန္တရာယ်မှ ကင်းဝေးစေရန်နှင့် ရေရှည်ခိုင်ခံ့မှုရှိစေရန်အတွက် တံတားချဉ်းကပ်လမ်းနှစ် ဖက်အားကွန်ကရစ်လမ်းအဖြစ်အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို မေလဒုတိယအပတ်တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခုအခါလုပ်ငန်းဆောင်ရွက်မှု ရာနှုန်းပြည့်ပြီးစီး ပြီးဖြစ်ကြောင်းသိရသည်။
အဆိုပါလမ်းသည် ပိုင်ကျုံမြို့၊ အမှတ်(၁)ရပ်ကွက်နှင့်မိုးနိုင်ကျေးရွာအုပ်စုရှိ ကျေးရွာများ ဆက်သွယ်ထားသည့် မြေသားလမ်းအားအရှည်(၂)ဖာလုံရှိ ကွန်ကရစ်လမ်းအဖြစ်အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ၂၀၂၂-၂၀၂၃ခုနှစ်၊ ဘဏ္ဍာရေးနှစ်အတွင်း ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် (၇၃.၅၀၉)သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းလမ်းခင်းခြင်းလုပ်ငန်းများ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေး အတွက် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာ၀န်ရှိသူတို့က အနီးကပ်ကြီးကြပ်မှုဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လမ်းခင်းခြင်လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီးဖြစ်၍ ပိုင်ကျုံမြို့နယ်အတွင်းရှိ မိုးနိုင်းကျေးရွာအုပ်စု၊ မိကြောင်ကျေးရွာအုပ်စုနှင့်သမိုကျေးရွာအုပ်စုမှ ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများအနေဖြင့် အဆင်ပြေလွယ်ကူစွာသွားလာနိုင်သည့်အပြင် ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ပိုမိုအဆင်ပြေလွယ်ကူလာပြီးဖြစ်ကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)