မရမ်းကုန်း ဇွန် ၁၃
မိုးရာသီကာလသို့ ရောက်ရှိလာပြီဖြစ်သောကြောင့် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုမှ ကာကွယ်နိုင်ရန် ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်အတွင်းရှိ နေအိမ်များ၊ ဆိုင်းခန်းများနှင့်လမ်းများသို့ ယမန်နေ့နံနက်ပိုင်း၌ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ကကွင်းဆင်းကာ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အသိပညာလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ရပ်ကွက်အတွင်းရှိ ခြင်ခိုအောင်းပေါက်ဖွားနိုင်သော ရေစည်ရေအိုး၊ ဘုရားပန်းအိုး၊ အုတ်ကန်၊ ရေလောင်ကန်ကြီးအစရှိသည့် ပိုးလောက်လန်းတွယ်ကပ်နိုင်သောနေရာများအား ဖုန်း၊ သွန်၊ လဲ၊ စစ်ပြုလုပ်ခြင်း၊ အဘိတ်ဆေးခတ်ခြင်းနှင့် ကျန်းမာရေးအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
အေးအေးအောင် (ပြန်/ဆက်)