မလှိုင်မြို့နယ်၊ မလှိုင်-နှောကန်ကျေးရွာချင်းဆက် လမ်းတစ်လျှောက် ဌာနဆိုင်ရာဝန်ထမ်းများနှင့်အတူ ဒေသခံပြည်သူများ တပျော်တပါး သစ်ပင်စိုက်ပျိုး

မလှိုင် ဇွန် ၁၂

မလှိုင်မြို့နယ်၊ ဆုံတွင်းကျေးရွာအုပ်စု၊ မန်းကျည်းပင်ပုကျေးရွာ၊ မလှိုင်-နှောကန် ကျေးရွာချင်းဆက် လမ်းဘေးဝဲ/ယာတစ်လျှောက် ဌာနဆိုင်ရာဝန်ထမ်းများနှင့်အတူ ဒေသခံပြည်သူများတို့သည် ယမန်နေ့ နံနက်ပိုင်းအချိန်က တပျော်တပါး မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲ မကျင်းပမီ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေး ဦးစိုးမင်းထက်က ဒေသခံပြည်သူများနှင့်တွေ့ဆုံပြီးနောက် ယခုလို သစ်ပင်စိုက်ပျိုးခြင်းသည် လေထုသန့်စင်ပေးခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေခြင်း၊ ရေကောင်းရေသန့် ရရှိစေခြင်း၊ ကာဗွန်သန့်စင်ပေးခြင်း၊ ရာဇဝတ်မှုလျော့ချပေးခြင်း၊ ပိုင်ဆိုင်မှုတန်ဖိုး မြင့်တက်စေခြင်း၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်စေခြင်း၊ အပူချိန်ထိန်းညှိပေးခြင်း၊ ရေလွှမ်းမိုးမှုကိုထိန်းညှိပေးခြင်း၊ တောရိုင်းတိရစ္ဆာန်များ နေထိုင်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့နောက် ဒေသခံပြည်သူ (၁၅၀)ဦး၊ ဌာနဆိုင်ရာဝန်ထမ်းနှင့် တပ်မတော်သား (၁၃၈)ဦးတို့မှ ကုက္ကိုလ်(၁၁၀)ပင်၊ တမာ(၁၁၀)ပင်၊ ယင်းမာ(၁၁၀)ပင်၊ စုစုပေါင်း (၃၃၀)ပင်တို့အား တပျော်တပါး စိုက်ပျိုးခဲ့ကြောင်း သိရှိရသည်။

အောင်ဌေး(မလှိုင်)