ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ဆက်လက်ထိုးနှံပေး

 ဒဂုံမြောက်    ဇွန်     ၁၀

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်အတွင်းရှိ အသက်()နှစ်မှ အသက်(၁၂)နှစ်အထိ အခြေခံပညာ ကျောင်းသား/သူများအား  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးလွှမ်းခြုံမှု ရရှိစေရန်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ် ပညာရေးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ  ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ  ယနေ့နံနက်ပိုင်းတွင် အမှတ်(၂၁) အခြေခံပညာ မူလတန်းကျောင်း၊ အမှတ်(၂၂) အခြေခံပညာ မူလတန်းကျောင်းနှင့် အမှတ်(၂၃) အခြေခံပညာ မူလတန်းကျောင်းတို့မှ  ကျောင်းသား ကျောင်းသူများအား  ဆက်လက်ထိုးနှံပေး ခဲ့ကြောင်း  သိရသည်။

ကျောင်းသားကျောင်းသူများအား ကာကွယ်ဆေး ထိုးနှံပေးရာတွင် လူစုလူဝေးမဖြစ်ပေါ်စေရေးနှင့် လာရောက်ထိုးနှံကြသည့် ကျောင်းသား/သူများ အဆင်ပြေချောမွေ့စွာ ထိုးနှံနိုင်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ပညာရေးဌာနမှတာဝန်ရှိသူများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီအသင်းဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည်များ ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တွင် အသက် ()နှစ်မှ အသက်(၁၂)နှစ်အထိ အခြေခံပညာအဆင့် ကျောင်းသား/သူများအား ဇွန် ရက်နေ့မှ စတင်ထိုးနှံပေးရာ ကျောင်းသား/သူ (၂၅၇၀)ဦးအား ကာကွယ်ဆေး ထိုးနှံပေးပြီးဖြစ်ကြောင်း မြို့နယ်ပညာရေးဌာနမှ သိရသည်။

မြင့်မြင့်ရီ