ဆီဆိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကြက်ခြေနီ ရှေးဦးပြုစုခြင်း အကြောင်းသိကောင်းစရာ အသိပညာပေး ဆွေးနွေးပွဲ(Talk Show) ပြုလုပ်

ဆီဆိုင် ဇွန် ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်​ရဒေသ၊ ဆီဆိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်း၍ ကြက်ခြေနီရှေးဦးပြုစုခြင်း အကြောင်းသိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲ(Talk Show)ကို  ဇွန် ၁၀ ရက် နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကြီးဒဲရယ်က Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက် များကို ရှင်းလင်းပြောကြားပြီး မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးမျိုးမင်းဆွေက ကြက်ခြေနီသူနာပြုတပ်ဖွဲ့အကြောင်းများ၊ ရှေးဦးပြုစုခြင်း အကြောင်းများ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ဆီဆိုင်မြို့နယ်အတွင်း ရှေးဦးပြုစုခြင်းနှင့်ပတ်သက်၍  ဆောင်ရွက်ပေးနေမှု အခြေအနေများကို  အကျယ်တဝင့် ရှင်းလင်းဆွေးနွေး ခဲ့ကြောင်း သိရသည်။

မျိုးမြတ်(ဆီဆိုင်)