ကာလိ ဇွန် ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများ၌ ပညာသင်ကြားနေသည့် ကျောင်းသား/သူ များအား ဇွန်လ (၁၀) ရက်နေ့ နံနက် (၉)နာရီခွဲ အချိန်ခန့်က ကွန်ဟိန်းမြို့နယ် ကျန်းမာရေးဌာနမှ အမျိုးသမီးကျန်းမာရေး ဆရာမဒေါ်နုနုရီက ဦးဆောင်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးများထိုးနှံပေးမှုတွင် သက်ဆိုင်ရာ ဆရာ/ဆရာမများက ကျောင်းသား/ သူများ၏ မိဘအုပ်ထိန်းသူများထံမှ ခွင့်ပြုချက်ရယူပြီး ကာလိမြို့အတွင်းရှိ အ.မ.က(လွိုင်ချို)၊ အ.မ.က (မိုင်းယိုင်း)၊ အ.လ.က-ခွဲ(ကျိုင်းလွန်း)၊ အ.ထ.က(ကာလိ)ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း များတွင် ပညာသင်ကြားနေသည့် အသက်(၅)နှစ်နှင့် အသက် (၁၁)နှစ်ကြား ကျောင်းသား/သူများအား (Sinopharm) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဖြင့်လည်းကောင်း ၊ အသက်(၁၂)နှစ်နှင့် အသက် (၁၈)နှစ်ကြား ကျောင်းသား/သူများအား (Myancopharm) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဖြင့်လည်းကောင်း စနစ်တကျ ကွင်းဆင်းထိုးနှံပေးခဲ့ပြီး ကာလိမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးရဲမင်းထွန်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများတို့က လိုအပ်သည်များကို သွားရောက်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဝင်းကျော်(ကာလိ၊ပြန်/ဆက်)