ဒဂုံမြို့သစ်‌(မြောက်ပိုင်း)မြို့နယ်တွင် အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် အိမ်တိုင်ရာရောက်ထောက်ပံ့

ဒဂုံမြောက် ဇွန် ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်‌(မြောက်ပိုင်း)မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်အတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ငွေများအား ရပ်ကွက်တာဝန်ရှိသူများက မြို့ပေါ်ရပ်ကွက်များသို့ အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးခြင်းကို ယမန်‌နေ့ညနေိုင်းက  အမှတ်(၃၆)ရပ်ကွက်နှင့် (၃၀)ရပ်ကွက်အတွင်းရှိ အဘိုး၊ အဘွားများထံ လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါထောက်ပံ့ငွေများ ပေးအပ်ရာတွင် မြို့ပေါ်ရပ်ကွက်(၂၇)ရပ်ကွက်အတွင်းမှအသက် (၈၅)နှစ်အထက်ဘိုးဘွား စုစုပေါင်း(၉၈၇)ဦးတို့အတွက် အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာလများအတွက် လူမှုရေးပင်စင် အကျိုးခံစားခွင့် တစ်ဦးလျှင် သုံးသောင်းကျပ်နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေကျပ်(၂
,၀,၀၀၀)အား ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက နေ့ရက်အလိုက် ဘိုးဘွားများ၏ လူမှုရေးပင်စင်များအား လက်ဝယ်အရောက် လိုက်လံထောက်ပံ့ပေးလျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရှိရသည်။

မြင့်မြင့်ရီ