ထန်းတပင်(ရန်ကုန်) ဇွန် ၁၀
မြေဆီလွှာများဖွံ့ဖြိုးတိုးတက်စေရန်နှင့် သဘာဝမြေသြဇာများနေရာတွင် အစားထိုး အသုံးပြုနိုင်ရန်အတွက် ဒေသခံတောင်သူများအား (အီးအမ်ဘိုကာရှီ) သဘာဝမြေဆွေး ပုံပြုလုပ်ပုံ နည်းစနစ်များလက်တွေ့သရုပ်ပြပွဲကို ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၊ ရေဖြူကျေးရွာအုပ်စု၊ အုတ်ဖိုကျေးရွာရှိ စက်မှုလယ်ယာစနစ်ကျလယ်ယာမြေတွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
သဘာဝမြေဆွေးပုံပြုလုပ်နည်း လက်တွေ့သရုပ်ပြသရာတွင်လည်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီး မျိုးစေ့ထုတ်တာဝန်ခံ ဒေါ်ဆွေဆွေဦး၊ တိုင်းဒေသကြီး မြေအသုံးချမှုရေး တာဝန်ခံ ဒေါ်မြင့်မြင့်မော်၊ မြို့နယ်ဦးစီးမှူး ဦးစောဝင်းကိုနှင့် ဝန်ထမ်းများက (အီးအမ်ဘိုကာရှီ) သဘာဝမြေဆွေး ပုံပြုလုပ်ပုံနည်းစနစ်များကို ရှင်းလင်း ပြသခဲ့ကြကြောင်းလည်း သိရသည်။
(အီးအမ်ဘိုကာရှီ) သဘာဝမြေဆွေးပုံပြုလုပ်နည်း လက်တွေ့သရုပ်ပြပွဲသို့လည်းမြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဇေယျာလင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြကြောင်းလည်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)