မိုင်းယန်း ဇွန် ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်အတွင်းရှိ ဆက်သုံးဆီဆိုင်များ ပုံမှန်ဖွင့်လှစ်ရောင်းချနေမှုပေါ် မြို့နယ်အတွင်း ဆက်သုံးဆီလုံလောက်စွာဖြန့်ဖြူပေးနိုင် ရှိ/မရှိနှင့် သတ်မှတ်ချက်ထက်ကျော်လွန်ကာ တရားမဝင်သိုလှောင်ထားရှိမှု ရှိ/မရှိ အခြေအနေများကို ပူးပေါင်းအဖွဲ့မှ ဇွန် ၈ ရက် ညပိုင်းမှစတင်၍ ရှောင်တခင်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်အတွင်းရှိ တရားဝင်လိုင်စင်ရ ဖြန့်ဖြူးရောင်းချလျက်ရှိသော ဆီပန့်ဆိုင်များ၌ လုံလောက်စွာရောင်းချနိုင်သော သတ်မှတ်ပမာဏနထက် ကျော်လွန်၍ တရားမဝင်သို လှောင်ထားရှိမှုအခြေအနေများ၊ ဆီသိုလှောင်ထားရှိနေရာများတွင် မီးသတ်ဆေးဘူးများနှင့်အန္တရာယ်ကင်းရှင်းမှု ရှိ/မရှိအခြေအနေများကို ဒု-မြို့နယ်အုပ်ရေးမှူး ဦးကျော်မျိုးသူ၊ မိုင်းယန်းမြို့နယ် တပ်နယ်မှူး ဗိုလ်မှူး သက်ဦးစံနှင့်တပ်ဖွဲ့ဝင်များ၊ ဒု-မြို့နယ်ရဲမှူး မျိုးမင်းလတ်နှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်တို့ ပူးပေါင်း၍ ရှောင်တခင်စစ်ဆေးခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းထူး