ထန်းတပင်(ရန်ကုန်) ဇွန် ၁၀
တောင်သူများ စပါးစိုက်ပျိုးရာတွင် စက်စွမ်းအားကို အသုံးပြုပြီး စပါးအထွက်နှုန်းများတိုးတက်လာစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် ရေဖြူကျေးရွာအုပ်စု၊ အုတ်ဖိုကျေးရွာရှိ စက်မှုလယ်ယာစနစ်ကျလယ်ယာမြေတွင် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်း၍ ဒေသခံတောင်သူများအား ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးမှု သရုပ်ပြပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုးစပါးစိုက်ပျိုးမှု သရုပ်ပြပွွဲသို့လည်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇေယျာလင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူ များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံတောင်သူများတက်ရောက်ခဲ့ကြပြီး မိုးစပါး လက်တွေ့စိုက်ပျိုးပြသရာတွင်လည်း မြို့နယ်စက်မှုလယ်ယာဦးစီးဌာန ဝန်ထမ်းများက မိုးစပါးများကို ကောက်စိုက်စက်ဖြင့် လက်တွေ့စိုက် ပျိုးပြသပေးခဲ့ကြကြောင်းလည်း သိရပါတယ်။
တောင်သူများအနေဖြင့်လည်း ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးမည်ဆိုပါကလည်း လယ်ယာလုပ်ငန်းခွင်တွင် လယ်ယာလုပ်သားရှားပါးလာမှု အခက်အခဲများကို ပြေလည်စေမည်ဖြစ်သလို တောင်သူများ စပါးထွန်ယက်စိုက်ပျိုးချိန် ကာလအတွင်းမှာ အခက်အခဲများ ဖြစ်ပေါ်ခြင်းနှင့် လယ်ယာသုံးစက်ပစ္စည်းများကို ဝယ်ယူ၊ ငှားရမ်းလိုပါကလည်း မြို့နယ်စက်မှုလယ်ယာဦးစီးဌာနသို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်းလည်း သိရပါသည်။
ဇင်မင်းထိုက်(ထန်းတပင်)