အပြည်ပြည်ဆိုင်ရာ ကလေးအလုပ်သမားဆန့်ကျင်ရေးနေ့ အထိမ်းအမှတ် Talk Show ကျင်းပ

လယ်ဝေး ဇွန် ၁၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre (လူထုအခြေပြုဗဟိုဌာန)တွင် ယနေ့နံနက်ပိုင်းက အပြည်ပြည်ဆိုင်ရာ ကလေးအလုပ်သမားဆန့်ကျင်ရေးနေ့ အထိမ်းအမှတ် Talk Show ကျင်းပခဲ့သည်။

အဆိုပါ Talk Show တွင် မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်နှင့် စာရေးဆရာမ ဒေါ်သက်သက်နွယ်(ရန်ကုန်တက္ကသိုလ်)တို့က ကလေးအလုပ်သမားဆိုသည်မှာ ဘာကြောင့်ကလေးအလုပ်သမားတွေရှိနေရသလဲ၊ ကလေးအလုပ်သမားတွေများလာတဲ့အတွက် နိုင်ငံတော် မှာဘာတွေထိခိုက်နိုင်သလဲ၊  ကလေးအလုပ်သမားအဖြစ် အလုပ်လုပ်ရတဲ့ကလေးတွေရဲ့ ဘဝဖွံ့ဖြိုးရေးကိုဘယ်လိုထိခိုက်နိုင်သလဲ၊ ဖွံ့ဖြိုးဆဲနိုင်ငံများတွင်ကြုံတွေ့နေရသည့် ကလေးအလုပ်သမားပြဿနာများအကြောင်း၊ ကလေးအလုပ်သမားအဖြစ်ခိုင်းစေမှုများကို ကမ္ဘာနဲ့ အဝှမ်းဆန့်ကျင်ကြသည့်အကြောင်း စသည်တို့ကို အပြန်အလှန်ဆွေးနွေးခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လယ်ဝေးမြို့နယ်ရုံးအနေဖြင့် အသိပညာပေး Talk Showများ၊ ဟောပြောပွဲများ၊ စာအုပ်မိတ်ဆက်၊ ပုံပြင်၊ ကဗျာရွတ်၊ အရုပ်ခေါက်ခြင်း၊ ရွှေသွေးကာတွန်း၊ အားကစားလှုပ်ရှားမှု စသည့် အစီအစဉ်များကိုရိုက်ကူး၍ Onlineမှ တင်ဆက်ပေးလျက်ရှိရာ အပြည်ပြည်ဆိုင်ရာ ကလေးအလုပ်သမားဆန့်ကျင်ရေးနေ့ အထိမ်းအမှတ် Talk Show အစီအစဉ်ကိုလည်း We Love Leiway Page တွင် တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြို့နယ်(ပြန်/ဆက်)