မိုင်းခတ်မြို့နယ် လူထုအခြေပြုဗဟိုဌာန (CommunityCentre)ခန်းမ၌ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသိပညာပေး ဆွေးနွေးပွဲပြုလုပ်

မိုင်းခတ်  ဇွန် ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန( Community Centre )ခန်းမတွင် ယနေ့ မွန်းလွဲ(၁)နာရီအချိန်က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြောင်း အသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် မိုင်းခတ်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန်းနွယ်နီ‌အောင်က အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပရခြင်း အကြောင်းပြောကြားပြီး၊ မိုင်းခတ်မြို့နယ်သစ်‌တောဦးစီးဌာန၊ မြို့နယ်တာဝန်ခံ‌တောအုပ်ဦး‌အောင်မိုးထွေးက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စိမ်းလမ်းစိုပြေရေးအတွက် အပူရှိန်လျှော့ကျရေး စိုက်ပျိုးထိန်းသိမ်းနည်းများ၊ သစ်‌‌တောသစ်ပင်စိုက်ပျိုးရသည့် ရည်ရွယ်ချက်များ၊ စိုက်ပျိုးပြီးအပင်များ ရှင်သန်အောင်‌ပြုစုပျိုး‌ထောင်နည်းများနှင့် မိုင်းခတ်မြို့နယ် သစ်‌တောဦးစီးဌာနတွင် ပျိုးထောင်‌ထားရှိသည့် သစ်အမျိုးအစားများ၊ ပြည်သူများအား အခမဲ့ဖြန့်‌ဝေပေး‌နေမှုအခြေအနေများကို အကျယ်တဝံ့ဆွေးနွေးပြောကြား‌ခဲ့သည်။

အဆိုပါ Talk Show ဆွေးနွေးပွဲများအား ပြည်သူများ ကြည့်ရှုလေ့လာမှတ်သားနိုင်စေရေး အတွက် Online မှတဆင့်စဉ်ဆက်မပြတ်ထုတ်လွှင့်ပြသပေးလျက်ရှိရာသိရှိလိုသည်များအား We Love Mong khat Facebook Page တွင်ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)