ခမောက်ကြီးမြို့ Quaratine Center တွင် နေရပ်ပြန်များအား စောင့်ကြည့်ထားရှိ

ခမောက်ကြီး  ဇွန် 

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံရပ်ခြားမှ  ပြန်လည်ရောက်ရှိလာကြသည့် နေရပ်ပြန်အမျိုး သား (၄၁)ဦးတို့အား  ခမောက်ကြီးမြို့  Quaratine Centerတွင်ယမန်နေ့ညနေပိုင်းက  စောင့်ကြည့်ထားရှိခဲ့ကြောင်းသိရသည်။

အဆိုပါ နေရပ်ပြန်များသည် ယနေ့ (၇.၆.၂၀၂၂) ရက်နေ့က ထိုင်းနိုင်ငံရနောင်းမြို့မှ ကော့သောင်းမြို့သို့ ရောက်ရှိလာပြီး ထိုမှတဆင့်လိုက်ထရစ်ကား (၂)စီးဖြင့် ခမောက်ကြီးမြို့ Quaratine Centerသို့ ညနေ(၃)နာရီခွဲခန့်က ရောက်ရှိလာခဲ့ပြီး၊ သက်ဆိုင်ရာအဖွဲ့အစည်းများက ၎င်းတို့၏ ကိုယ်ရေးအချက်အလက်များအားစာရင်းရေးသွင်း မှတ်တမ်းယူကြပြီး  Quaratine Center ၌ နေရာချထားပေးခဲ့သည်။

ယင်းနောက် ခမောက်ကြီးမြို့ခေတ္တ မြို့အုပ်ချုပ်ရေးမှူးဦးထိန်လင်းမှ ၎င်းတို့အား Quaratine Center၌  နေထိုင်စဉ်အတွင်း လိုက်နာရမည့် စည်းကမ်းချက်များ ပြောကြား ခြင်း၊ခမောက်ကြီးမြို့မှ ရဲစခန်းမှူး ဦးကံမြင့်မှ ပဒေနှင့်မလွတ်ကင်းသည့် ကိစ္စရပ်များမပြုလုပ်ကြရန်နှင့် ချမှတ်ထားသော စည်းကမ်းချက်များလိုက်နာကြရန်၊ ချမှတ်ထားသည့် စည်းကမ်းချက်များအား လိုက်နာမှုမရှိပါက ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါ နေရပ်ပြန်များအား စောင့်ကြည့်ရက်ပြည့်ပါက ၎င်းတို့၏ နေရပ်ဒေသအသီးသီးသို့ ပြန်လည် စေလွှတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရူပါမြင့်(ခမောက်ကြီး)