တနင်္သာရီမြို့ ဇွန်လ ၈
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တွေ့ဆုံ၍ ဌာနဆိုင်ရာအချင်းချင်း ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးနိုင်ရန်အတွက် လစဉ်ပုံမှန်အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမအတွင်း ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ ဦးစီးမှူးများ၊ တာဝန်ခံများ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးအေးနိုင်က လစဉ်ပုံမှန်အစည်းအဝေး ပြုလုပ်ရခြင်း ရည်ရွယ်ချက်များနှင့် (၂၀၂၂ခုနှစ်၊ ဇွန်လ) အတွင်း ဆောင်ရွက်ရန်လုပ်ငန်းစဉ်များအား ချပြရှင်းလင်း၍ ဌာနဆိုင်များမှ ပူးပေါင်းဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားပေးသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူနေဝင်းနှင့်အဖွဲ့ဝင်များက လုံခြုံရေးသတိရှိရေး၊ မိမိမြို့/ရပ်ကွက် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အကြံပြုညှိနှိုင်းဆွေးနွေးပေးကြသည်။
ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာဦးစီးမှူးများက လိုအပ်ချက်များ တင်ပြဆွေးနွေးရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပြန်လည်ညှိနှိုင်းဆောင်ရွက်ပေးကြောင်း သိရသည်။
ယနေ့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ဆွေးနွေးရာတွင် ဌာနဆိုင်ရာအလိုက် လုံခြုံရေးသတိရှိရေး၊ မြို့အတွင်းရှိ အထင်ကရနေရာများ သန့်ရှင်းသာယာလှပရေး၊ ကျေးရွာများရှိ ကျောင်းနေအရွယ်ကလေးများ ကျောင်းအပ်နှံ လာစေရေး၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်အားလုံး ကိုဗစ်-၁၉ ကာကွယ်ဆေး Booster အထိ ထိုးနှံရေး၊ ရပ်ကွက်အတွင်း ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေး၊ ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် ကျူးကျော်နေအိမ်များ မရှိစေရေး၊ သဘာဝဘေးနှင့် ပတ်သက်၍ ကြိုတင်ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ရေး၊ ထူးခြားဖြစ်စဉ်များ ချက်ခြင်းတင်ပြရေး၊ ဆက်သွယ်မှု (တယ်လီဖုန်း) မပြတ်တောက်စေရေး၊ လူဦးရေး စာရင်းဇယားများ မှန်ကန်စေရေး စသဖြင့်ဖြင့် ညှိနှိုင်းဆွေးနွေးကြကြောင်း သတင်းရရှိသည်။
နန်းသာရီ-ထိန်ဝင်း