သီပေါမြို့နယ် မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေးနှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်

သီပေါ  ဇွန် ၈ 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အတွင်းပညာသင်ကြားနေသော ဝန်ထမ်းသားသမီးများအား ထောက်ပံ့ကြေးငွေနှင့် စာရေးကိရိယာများထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့မွန်းလွှဲ (၃)နာရီ က အဆိုပါဦးစီးဌာန ရုံးခန်းမတွင်ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မီးသတ်ဦးစီးဌာနမြို့နယ်ဦးစီးအရာရှိ ဦးအောင်ကြည်ထွန်းက မိမိဌာနမှဝန်ထမ်းများ၏ သားသမီးများအား ပညာသင်ထောက်ပံ့ကြေးငွေနှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ရသည့် ရည်ရွယ်ချက်နှင့် ကျောင်းသား၊ကျောင်းသူ ကလေးငယ်များအား ပညာကိုကြိုးစားသင်ယူကြစေရန် စသည်ဖြင့် အမှာစကားပြောကြားခဲ့ပြီး ပညာသင်ထောက်ပံ့ကြေးနှင့် စာရေးကိရိယာများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)